မေမေတို့ရဲ့ "Fourth Trimester" နှင့် ရင်ထဲက စကားသံများ

Written by Dermaluxe | Dec 13, 2025 1:48:49 PM

မေမေတို့ရေ... ကလေးမွေးပြီးစ "Fourth Trimester" လို့ခေါ်တဲ့ ကာလဟာ မိခင်ဘဝရဲ့ အလှည့်အပြောင်းတစ်ခုပါပဲ။ ဒီအချိန်မှာ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် စိတ်ခံစားချက် အတက်အကျကြမ်းတမ်းတတ်သလို၊ မှန်ထဲကြည့်လိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် သူစိမ်းတစ်ယောက်လို ခံစားရတဲ့ အခိုက်အတန့်တွေ ရှိကောင်းရှိနိုင်ပါတယ်။​

  • "ငါ့ခန္ဓာကိုယ်က ငါ့စကား နားမထောင်တော့ဘူး..."
    လွယ်လွယ်ကူကူ လုပ်နိုင်ခဲ့တဲ့ လှုပ်ရှားမှုတွေက ခက်ခဲလာမယ်။ ရယ်လိုက်၊ နှာချေလိုက်တိုင်း ဆီးမထိန်းနိုင်တာမျိုး (Urinary Leakage) ဖြစ်လာတဲ့အခါ ရှက်စိတ်နဲ့အတူ ယုံကြည်မှုတွေ ပျောက်ဆုံးတတ်ကြပါတယ်။
  • "ပြန်လှချင်ပေမဲ့ အပြစ်ရှိသလို ခံစားရတယ်..."
    ကိုယ့်အလှအပအတွက် အချိန်ပေးလိုက်ရင် ကလေးကို ပစ်ထားသလို ဖြစ်မှာစိုးရိမ်တဲ့ "Mom Guilt" ကလည်း မေမေတိုင်း ကြုံရတဲ့ စိတ်ဖိစီးမှုတစ်ခုပါ။ ဒါပေမဲ့ မေမေပျော်မှ ကလေးလေးလည်း ပျော်ရွှင်ရမှာကို မမေ့ပါနဲ့။

Dermaluxe ရဲ့ Post-Natal Wellness Program ဟာ ဒီလို "Silent Struggles" တွေကို နားလည်ပေးပြီး မေမေတို့ကို မူလယုံကြည်မှုဆီ ပြန်လည်ခေါ်ဆောင်ပေးဖို့ ရည်ရွယ်ပါတယ်။

 

မေမေတို့ ကြုံတွေ့ရလေ့ရှိသော အဓိက ပြဿနာ (၄) ချက်

Dermaluxe အနေနဲ့ မေမေတို့ အများဆုံး စိုးရိမ်ရတဲ့ အချက် (၄) ချက်ကို ကူညီဖြေရှင်းပေးဖို့ အသင့်ရှိနေပါတယ် ။​

  1. Diastasis Recti (ဝမ်းဗိုက်ကြွက်သားကွဲခြင်း):
    ကိုယ်ဝန်ဆောင်ချိန်မှာ သားအိမ်ကြီးထွားလာတာကြောင့် ဝမ်းဗိုက်ကြွက်သားတွေ ဘေးကို ကွဲထွက်သွားပြီး ဗိုက်ပူထွက်လာတာမျိုး ဖြစ်ပါတယ်။ မေမေအများစုက "ကိုယ်ဝန် ၅ လ လိုမျိုး ဗိုက်ပူနေတုန်းပဲ" လို့ ခံစားရလေ့ရှိပါတယ်။
  2. Pelvic Floor Weakness (တင်ပါးဆုံ ကြွက်သားအားနည်းခြင်း):
    ကလေးမွေးဖွားပြီးနောက် တင်ပါးဆုံကြွက်သားတွေ လျော့ရဲလာတာကြောင့် ချောင်းဆိုးတာ၊ ရယ်လိုက်တာမျိုးမှာ ဆီးမထိန်းနိုင်ခြင်း (Urinary Incontinence) ဖြစ်တတ်ပါတယ်။ ဒါဟာ မေမေတို့အတွက် နေ့စဉ်ဘဝမှာ ယုံကြည်မှု လျော့နည်းစေတဲ့ အချက်တစ်ချက်ပါ။
  3. Loose Abdominal Skin (ဝမ်းဗိုက်အရေပြား လျော့တွဲခြင်း):
    ကိုယ်ဝန်ဆောင်ချိန် အချိန်တိုအတွင်း အရေပြား ဆန့်ထွက်ခဲ့ရတာကြောင့် မွေးဖွားပြီးချိန်မှာ ရော်ဘာကြိုး လျော့သလိုမျိုး အရေပြားတွေ တွဲကျကျန်ခဲ့တာ ဖြစ်ပါတယ်။
  4. Stretch Marks (အကြောပြတ်ရာများ):
    Collagen နဲ့ Elastin တွေ ပျက်စီးသွားတာကြောင့် ဝမ်းဗိုက်မှာ အကြောပြတ်ရာတွေ ကျန်ခဲ့တတ်ပါတယ်။

 

Dermaluxe ၏ ကုသမှုနည်းပညာများက မည်သို့ကူညီပေးသနည်း?

မေမေတို့ရဲ့ ပြဿနာတစ်ရပ်စီတိုင်းအတွက် သိပ္ပံနည်းကျ အဖြေရှာပေးထားတဲ့ စက်ပစ္စည်းများအကြောင်း ရှင်းပြပေးပါမယ်။

  1. Emsculpt (ဝမ်းဗိုက်ကြွက်သား ပြန်လည်တည်ဆောက်ခြင်း)
    • ဘယ်လိုအလုပ်လုပ်လဲ: ကိုယ်ဝန်ဆောင်ချိန်မှာ ကွဲသွားတဲ့ ဝမ်းဗိုက်ကြွက်သား (Diastasis Recti) ကို သံလိုက်စက်ကွင်းနည်းပညာ (HIFEM) နဲ့ ပြန်လည်စေ့ပေးပါတယ်။
    • ဘာကောင်းလဲ: လေ့ကျင့်ခန်း အကြိမ် ၂၀,၀၀၀ လုပ်သကဲ့သို့ ကြွက်သားတွေကို ကျုံ့စေပြီး Core Strength ကို ပြန်လည်တည်ဆောက်ပေးလို့ ခါးနာသက်သာစေပြီး ဗိုက်ချပ်စေပါတယ်။
  2. Emsella (တင်ပါးဆုံကြွက်သား သန်မာစေခြင်း)
    • ဘယ်လိုအလုပ်လုပ်လဲ: "Emsella Chair" ပေါ်မှာ ထိုင်နေရုံပါပဲ။ Kegel Exercise အကြိမ်ပေါင်းများစွာ လုပ်သလို တင်ပါးဆုံကြွက်သား (Pelvic Floor) ကို လှုံ့ဆော်ပေးပါတယ်။
    • ဘာကောင်းလဲ: ရယ်လိုက်၊ ချောင်းဆိုးလိုက်ရင် ဆီးထွက်ကျတတ်တဲ့ (Urinary Incontinence) ပြဿနာကို ထိရောက်စွာ ဖြေရှင်းပေးပြီး အိမ်ထောင်ရေးသုခကိုပါ ပြန်လည်ပြည့်စုံစေပါတယ်။
  3. Exilis (အဆီချခြင်းနှင့် အရေပြားတင်းရင်းစေခြင်း)
    • ဘယ်လိုအလုပ်လုပ်လဲ: Radio Frequency (RF) နဲ့ Ultrasound ကို ပေါင်းစပ်ပြီး အပူပေးကာ Collagen အသစ်တွေ ထွက်လာအောင် လုပ်ဆောင်ပါတယ်။
    • ဘာကောင်းလဲ: "Mummy Tummy" လို့ခေါ်တဲ့ တွဲကျနေတဲ့ ဗိုက်သားအရေးပြားကို တင်းရင်းစေပြီး ပိုလျှံနေတဲ့ အဆီတွေကိုပါ ဖယ်ရှားပေးပါတယ်။
  4. X-Wave (အကြောပြတ်ရာ ကုသခြင်း)
    • ဘယ်လိုအလုပ်လုပ်လဲ: Acoustic Wave Therapy နဲ့ အရေပြားအောက်ခြေကို ကုသပေးပါတယ်။
    • ဘာကောင်းလဲ: သွေးလည်ပတ်မှု ကောင်းစေပြီး အကြောပြတ်ရာ (Stretch Marks) တွေကို မှေးမှိန်စေသလို Cellulite တွေကိုလည်း သက်သာစေပါတယ်။

ဘယ်သူတွေ ဘယ် Package ကို ရွေးချယ်သင့်လဲ? (Selection Guide)

Dermaluxe မှ မေမေတို့ရဲ့ လိုအပ်ချက်အလိုက် Package (၄) မျိုး စီစဉ်ထားပါတယ်။ ကိုယ့်ရဲ့ အဓိက ပြဿနာက ဘာလဲဆိုတာပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။​

1. Basic Post-Natal Package (Emsculpt + Emsella)

  • သင့်လျော်သူ:
    • "ရယ်လိုက်ရင် ဆီးထွက်ကျလို့ စိတ်ညစ်နေရတဲ့ မေမေများ"
    • ခါးနာဝေဒနာ ခံစားနေရပြီး Core ကြွက်သား အားနည်းနေသူများ။
    • ဗိုက်သားအလှအပထက် ကျန်းမာရေးနဲ့ လုပ်ဆောင်ချက် (Function) ပြန်ကောင်းဖို့ ဦးစားပေးလိုသူများ။
  • ရရှိမည့်ရလဒ်: Core to Floor (ဝမ်းဗိုက်မှ တင်ပါးဆုံအထိ) ကြွက်သားများ သန်မာလာပြီး ဆီးမထိန်းနိုင်တဲ့ ပြဿနာ ပြေလည်သွားပါမယ်။

2. Complete Post-Natal Package (Emsculpt + Emsella + Exilis + X-Wave)

  • သင့်လျော်သူ:
    • "ငါ့ခန္ဓာကိုယ်ကို အစအဆုံး ပြန်လည်ပြုပြင်ချင်တယ် (Total Makeover)" ဆိုတဲ့ မေမေများ။
    • ဝမ်းဗိုက်ကြွက်သားကွဲတာ၊ ဆီးမထိန်းနိုင်တာအပြင် ဗိုက်အေရပြားတွဲကျပြီး အကြောပြတ်ရာပါ ရှိနေသူများ။
  • ရရှိမည့်ရလဒ်: ကျန်းမာရေး (Functional) ရော၊ အလှအပ (Aesthetic) ပါ ပြီးပြည့်စုံတဲ့ "Super Mom" ရလဒ်ကို ရရှိစေမယ့် အကောင်းဆုံး Package ဖြစ်ပါတယ်။

3. Basic Mommy Tummy Package (Exilis + X-Wave)

  • သင့်လျော်သူ:
    • "ကြွက်သားအားသန်ပေမဲ့ ဗိုက်အရေပြား တွဲကျနေတာကို မကြိုက်တဲ့ မေမေများ"
    • ကြွက်သားပိုင်းဆိုင်ရာ (Muscle Repair) လိုအပ်ချက် မရှိသော်လည်း အကြောပြတ်ရာနဲ့ အသားအရေ လျော့ရဲမှုကို ပြင်ဆင်လိုသူများ။
  • ရရှိမည့်ရလဒ်: ဗိုက်သား အရေပြား တင်းရင်းလာပြီး ချောမွေ့လှပလာပါမယ်။

4. Complete Mommy Tummy Package (Emsculpt + Exilis + X-Wave)

  • သင့်လျော်သူ:
    • "ဆီးပြဿနာမရှိဘူး၊ ဒါပေမဲ့ ဗိုက်ပူပြီး အသားအရေ မလှတာကို ပြင်ချင်တယ်" ဆိုတဲ့ မေမေများ။
    • Pelvic Floor (တင်ပါးဆုံ) ကုသမှု မလိုဘဲ ဝမ်းဗိုက်ပိုင်း (Tummy) တစ်ခုတည်းကိုပဲ အသားပေး ပြုပြင်လိုသူများ။
  • ရရှိမည့်ရလဒ်: ဗိုက်ချပ်ရပ်ကာ ကြွက်သား အချိုးအစားပေါ်လွင်ပြီး အသားအရေ တင်းရင်းလှပစေပါမယ်။

မေမေတို့ရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ Dermaluxe က အမြဲအသင့်ရှိနေပါတယ်။
အသေးစိတ်သိရှိလိုပါက Dermaluxe ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။